ကောင်းကင်ဘုံ၏ ဝမ်းမြောက်မှုကို ခံစားခြင်း (Breathe in the Happiness of Heaven)
article
ကျွန်ုပ်သည်ဘုရားသခင်ကိုမယုံကြည်သောမိသားစုတွင်ကြီးပြင်းခဲ့၍ဆယ်ကျော်သက်အရွယ်မှခရစ်တော်အကြောင်းပထမဆုံးကြားခဲ့ရသည်။အစပိုင်းတွင်သမ္မာကျမ်းစာပုံပြင်များသည်ကျွန်ုပ်နှစ်သက်သောဂရိဒဏ္ဍာရီ ပုံပြင်များနှင့်ကာတွန်းဇာတ်လမ်းများလောက်မစစ်မှန်ဟုထင်မှတ်ခဲ့သည်။သို့သော်ခရစ်ဝင်ကျမ်းများကိုဖတ်ရှုပြီးမှသာယေရှုသည်အစစ်အမှန်တည်ရှိခဲ့သူဖြစ်ကြောင်းယုံကြည်လာကာထိုအခါမှစ၍သူရဲကောင်းဇာတ်လမ်းပုံပြင်များသည်ယေရှုခရစ်၏အရိပ်အယောင်မျှသာဖြစ်လေတော့သည်။ယေရှုသည်ကျွန်ုပ်ကိုကယ်တင်သောအခါယခင်ကတစ်ခါမျှမသိရှိခဲ့ဖူးသောနက်ရှိုင်းသည့်ဝမ်းမြောက်ပျော်ရွှင်မှုကိုခံစားခဲ့ရ၏။ထိုခံစားချက်မှာယနေ့ထိတိုင်အမှတ်တရ ကျန်ရစ်နေဆဲဖြစ်သည်။ကျွန်ုပ်၏နှလုံးသားမှဖြစ်ပေါ်လာသောဝမ်းမြောက်ခြင်းသည်ဒုတိယအကြိမ်မွေးဖွားခြင်း၊ခွင့်လွှတ်မှုခံရခြင်းနှင့်ဘုရားသခင်၏ဝိညာဉ်တော်ကျိန်းဝပ်တော်မူခြင်း၏ရလဒ်ပင်ဖြစ်၏။ “အပြစ်မှလွှတ်ခြင်း၊ဒုစရိုက်အပြစ်ကိုဖုံးအုပ်ခြင်းသို့ရောက်သောသူသည်မင်္ဂလာရှိ၏” (ဆာလံ၃၂:၁)။